ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား?ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာသူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကိုမွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်…အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ်ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animationကားကောင်းလေးတစ်ကားဖြစ်ပါတယ်