The Machine Girl HD

The Machine Girl

လူသတ်သမားလို့ အစွပ်စွဲခံရပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့တဲ့မစ္စတာဟျူဂါမှာ သားနဲ့သမီးနှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။အဖေဖြစ်သူရဲ့ အရိပ်မဲကြီးနဲ့အတူ ဘဝကို ရုန်းကန်ရင်းနေလာရတဲ့အာမီနဲ့ ယူတို့ဟာ ဘဝကိုနှစ်ယောက်တည်း ဖြတ်သန်းလို့နေလာကြပါတယ်။ဒီလိုနဲ့ တစ်ရက်ကျောင်းမှာ မောင်လေးဖြစ်သူ ယူဟာယာကူဇာရဲ့သားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရရင်း ဆုံးပါးသွားခဲ့ရပါတယ်။မောင်လေးဖြစ်သူနှင့်အတူ တာကဲရှိဆိုတဲ့ကောင်လေးလည်း အတူသေဆုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့ မောင်လေးဖြစ်သူရဲ့ သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲအနိုင်ကျင့်ခံရလို့ သေသွားရတာကို သိသွားတဲ့အချိန်မှာတော့တာကဲရှိရဲ့ မိဘတွေနဲ့အတူ အာမီဟာ ယူနဲ့ တာကဲရှိတို့ကိုသတ်သွားတဲ့သူတွေကိုဘယ်လိုပုံစံနဲ့ လက်စားချေမလဲဆိုတာကို သွေးသံတရဲရဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။