Kaliyugam Pattanamlo HD

Kaliyugam Pattanamlo

Crime HD 2024-03-29 8.3 145 Min

အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေတစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။Kaliyugan Pattanambo 2024 (စိတ္တဇအမွှာညီအစ်ကို)အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေတစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေနေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့စိတ်ကျန်းမာရေးဟာသက်သာမလာတဲ့အဆုံးစိတ်ကျန်းမာရေးဆေးရုံမှာပဲထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီးမိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း …….အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ ….ဗီဂျေးရဲ့အမွှာ ဆာဂါကရော နောက်ပိုင်းမှာ ဘာတွေလုပ်ဦးမှာလဲ ….ဗီဂျေးနဲ့ ဆာဂါတို့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာရော ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုစိတ္တဇဆန်ဆန်နဲ့ ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။