Tatsama Tadbhava HD

Tatsama Tadbhava

Thriller Mystery HD 2023-09-15 2 122 Min

မင်းသမီး Meghana Rajရဲ့ comebackရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုမှာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။မင်းသားကလည်း အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းတဲ့ Prajwal Devaraj။ဇာတ်လမ်းက သည်းထိပ်ရင်ဖိုအမျိုးအစား မှုခင်းဇာတ်လမ်း။အမျိုးသမီးတစ်ယောက် ခင်ပွန်းသည်ဖြစ်သူပျောက်လို့ လိုက်ရှာရာကနေစတဲ့ဇာတ်လမ်း။လူပျောက်မှုကနေ လူသတ်မှုလား လူသေမှုလားဆိုတဲ့ အခြေအနေတစ်ခုကိုပြောင်းသွားတယ်။နောက်ကွယ်က ရှုပ်ထွေးလွန်းတဲ့ ဇာတ်ကောင်ရဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့။ရဲစခန်းထဲကနေ ထိုင်ကြည့်နေရသလို ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်စိတ်နဲ့တစ်ခန်းချင်းဆွဲခေါ်သွားပေးမဲ့ဇာတ်လမ်းမျိုးမို့ အားပေးကြည့်ရှုကြပါဦး။