ကွမ်သယ်ပြဇာတ်ရုံအတွက် လိုအပ်တဲ့ပိုးထည်တွေနဲ့ဖဲထည်တွေကိုပိင်ရှင်ဖြစ်သူ သူဌေးချန်ကကျန်းနန်ကနေမှာခဲ့ပါတယ် ။နောက်ပြီးအဲဒီအဝတ်အထည်တွေကို ထျန်းရှပို့ဆောင်ရေးကိုတာဝန်ယူပြီးကွမ်းသယ်လုံကို လာရောက်ပို့ဆောင်ပေးဖို့ အလုပ်အပ်လိုက်ပါတယ် ။ထျန်းရှပို့ဆောင်ရေးရဲ့ ခေါင်းဆောင်ငယ်ဝမ်ကျန့်ဝေက ကတိတည်တဲ့သူဖြစ်ပြီးတရားမျှတမှုကိုလက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ပို့ဆောင်ရေးအဖွဲ့မှာသူချစ်ရတဲ့မိန်းကလေးဖေးယန့်ကလည်းပါနေတော့သူတို့ကွယ်သယ်လုံရောက်ခါနီးမြို့လေးမှာ ခရီးတစ်ထောက်နားပြီးချစ်သူအတွက်ပစ္စည်းလေးတွေဝယ်ဖို့ ဈေးဆိုင်သွားခဲ့တဲ့အချိန်စ္စည်းထားတဲ့အခန်းကိုသူခိုးဝင်ပြီး သေတ္တာနဲ့အတူပါလာတဲ့စာရွက်စာတမ်းတွေပါ မီးလောင်သွားပါတော့တယ် ။ဒီလိုနဲ့ မီးလောင်သွားတဲ့စာရင်းစာအုပ်ကရုံးတော်ကစစ်ဆေးနေတဲ့ဆားမှောင်ခိုကူးမှုတဲ့ပတ်သတ်နေတဲ့စာအုပ်ဖြစ်နေချိန်မှာတော့…သူဌေးချန်နဲ့ ဆားမှောင်ခိုကူးမှုက ဘယ်လိုဆက်စပ်နေမလဲ ?အရှုပ်အထွေးတွေ သံသယတွေကြားသူဌေးချန်ကပါသေဆုံးသွားချိန်မှာတော့အမှုကပိုမိုရှုပ်ထွေးလာပြီးရုံးတော်နဲ့ထျန်းရှပို့ဆောင်ရေးပူးပေါင်းပြီးနက်နဲတဲ့အမှုတွေကိုဘယ်လိုဖောက်ထုတ်ကြမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့မမေ့ပါနဲ့နော် ။