ဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်ကလွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံကထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီးတရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကိုဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်