မနှစ်က ထွက်ရှိခဲ့တဲ့ Horror / Thriller ဇာတ်ကားတစ်ကားဖြစ်တဲ့ The Hopewell Haunting က တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Dane Sear ရဲ့အဘွားဖြစ်သူကြုံတွေ့ခဲ့တဲ့ ၁၉၁၉ ခုနှစ်က အဖြစ်အပျက်တစ်ခုကို ပြန်လည်ရိုက်ကူးထားတယ်လို့သိရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Kentucky ပြည်နယ် Hopewell မြို့လေးကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ လင်မယားနှစ်ယောက် အိမ်တစ်အိမ်မှာနေထိုင်ရင်း ထူးဆန်းတာတွေကြုံတွေ့လာတဲ့အခါ မြို့လေးရဲ့ဘုရားကျောင်းက တရားဟောဆရာဖြစ်သူဂျိမ်းကို အကူအညီတောင်းပါတယ်။ ဂျိမ်းလည်း အိမ်ကိုလိုက်စစ်ဆေးရင်း အမျိုးအမည်မသိတဲ့ သဘာဝလွန်အရာတစ်ခုနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဇာတ်လမ်းက ဖြည်းဖြည်းချင်းသွားတဲ့ Slow-paced အမျိုးအစားဖြစ်ပြီး Kentucky ပြည်နယ်ရဲ့လူသိများတဲ့ သဘာဝလွန်ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားဖြစ်တဲ့အတွက် အများကြီးမမျှော်လင့်ဖို့တော့ လိုပါတယ်။