လူသူဝေးတဲ့ တောအုပ်ထဲမှာ အိမ်တစ်လုံးရှိပြီးအဖေနဲ့ သမီးနှစ်ယောက်နေကြပါတယ်။စိတ္တဇလို ရက်စက်တတ်တဲ့အဖေရဲ့လက်အောက်မှာကြီးပြင်းရတဲ့ သမီးနှစ်ယောက်အဖို့ကတော့တကယ့်အိပ်မက်ဆိုးနဲ့ နေ့ရက်တွေပါပဲ။တစ်နေ့မှာတော့ ဖအေဖြစ်သူရဲ့ ညှင်းဆဲမှုကိုမခံနိုင်တော့တဲ့နောက် ဝရန်တာကနေပဲ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။မလိုက်နိုင်တဲ့အစ်မဖြစ်သူကတော့ အဖေ့ဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။နှစ်တွေကြာပြီးတဲ့နောက်မှာတော့ အငယ်မလေးလစ်စဘတ်သ်ဟာကြေးစားလူသတ်သမားတဖြစ်လဲ မကောင်းတဲ့လူတွေကို အပြစ်ပေးတဲ့ကြေးစားလူသတ်သမားလုပ်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။တစ်နေ့မှာတော့ သူ့ကို ကမ္ဘာ့နျူကလီးယားလက်နက်တွေကိုထိန်းသိမ်းထားတဲ့ ဆော့ဝဲတစ်ခုကို ပြန်ခိုးပေးဖို့ အလုပ်ဝင်လာပါတယ်။ဒါပေမဲ့ ဒီအလုပ်ဟာ သူထင်ထားသလောက်မရိုးရှင်းဘဲပင့်ကူအိမ်လိုရှုပ်ထွေးစွာနဲ့ အတိတ်ကဖြစ်ရပ်တွေပါပြန်နွယ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။